Archive for the ‘Uncategorized’ Category

2015 in review

January 3, 2016

The WordPress.com stats helper monkeys prepared a 2015 annual report for this blog.

Here’s an excerpt:

A San Francisco cable car holds 60 people. This blog was viewed about 520 times in 2015. If it were a cable car, it would take about 9 trips to carry that many people.

Click here to see the complete report.

Monitor Yourself…. Are you a good Muslim or not

November 21, 2015

Important to know

May 12, 2015

Beautiful Du’a | Sheikh Mishary Al-Afasy | With English Translation

April 30, 2015

PURIFICATION OF THE SOUL | Mufti Ismail Ibn Musa Menk ᴴᴰ

April 28, 2015

The Test Of Life ~ Mufti Ismail Musa Menk – 2014

April 28, 2015

Interesting Article for Current Affair

January 30, 2015

Who is Kalar

A Glance to Innovated Islamic Faith

January 27, 2015

Bahai and New Religion

You must read this book for your Faith

January 26, 2015

Print Fundamentals of Tawheed (Burmese) p5-432 (1)

The Dangers of Innovations in Islam (Bid’ah)

December 12, 2011

ကျား၊ မအတူတကွရောနှော နေထိုင်လုပ်ကိုင်ခွင့်ပြု/ မပြု

December 13, 2010

ဘီဂျေး ။    ။ အစ္စလာမ်၌ အလုပ်လုပ်သောနေရာများတွင် လိင်မတူသူများ ရောနှော လုပ်ကိုင်ခြင်းကို ခွင့်မပြုခြင်းသည် ခေတ်မီပါသေးလော (သို့) ခေတ်နောက်ကျနေပြီလော။

ဒေါက်တာဇာကိရိနိုက်(ခ်) ။    ။ ၎င်းမှ မေးမြန်းသည့် မေးခွန်းမှာ အစ္စလာမ်တွင် လိင်မတူသူများအား ရောနှော၍ အတူတကွ အလုပ် လုပ်ကိုင်ခြင်းကို ခွင့်မပြုပေ။ ဤအချက်သည် ခေတ်မီပါသေးသလော။ သို့မဟုတ် ခေတ်နောက်ကျနေပြီလော။ အသင့်အနေနှင့် ခေတ်မီခြင်းဆို သည်မှာ သင်၏အမျိုးသမီးများကို ရောင်းချရန်အတွက် ၎င်းတို့နှင့် ရောနှောဆက်ဆံ အတူနေထိုင်ခြင်းကို ခေါ်ဆိုနားလည်ထားသည်။ (သို့) အသင့်အနေနှင့် ၎င်းအမျိုးသမီးတို့ကို မော်ဒယ်သရုပ်ဆောင်မှုဖြင့် အသက်မွေးဝမ်းကျောင်းပြုစေခြင်းကို ခေတ်မီခြင်းဖြစ်သည်ဟု ဆိုလိုပါက အစ္စလာမ်သည် ခေတ်နောက်ကျနေပြီဟု ကျွန်ုပ်ခံစားမိပါသည်။

အနောက်တိုင်းမီဒီယာ၊ အနောက်တိုင်း ယဉ်ကျေးမှုများက ပြောကြားနေ သည်မှာ ၎င်းတို့သည် အမျိုးသမီးများ၏ အခွင့်အရေးများကို မြောက်များစွာပေးခဲ့သည်။ ၎င်းအမျိုးသမီးများ၏ ဂုဏ်သိက္ခာအဆင့်အတန်း ကျဆင်းမှုကို ဖယ်ရှား၍ ဂုဏ်သိက္ခာ အဆင့်အတန်းကို မြင့်တင်ပေးနေသည်။ စာရင်းဇယားများအရ အမေရိကန်ပြည်ထောင်စုရှိတက္ကသိုလ်တွင် ပညာသင်ယူရန်သွားသူ၊ လုပ်ငန်းခွင်ဝင်ကြသူ၊ အမျိုးသမီးများ၏ (၅၀%)မှာ မုဒိန်းကျင့်ခံနေရသည်ဟု သိရှိရပါသည်။ ၅၀% တောင် မုဒိမ်းကျင့်ခံနေရခြင်းသည် အဘယ်ကြောင့်ဟု အသင် သိပါသလား။ အမေရိကန်၏ မြောက်များစွာသော လုပ်ငန်းခွင်များတွင် ကျားမရောနှောပြီး နေထိုင်လုပ်ကိုင်ရခြင်းကြောင့်ပင်။

အကယ်၍ အသင့်အနေနှင့် မိန်းမတစ်ယောက်သည်  မုဒိမ်းကျင့်ခြင်းကို ခံသင့်သည်ဟု တွေးခေါ်ယူဆလျှင် အစ္စလာမ်သည် ခေတ်နောက်ကျနေချေပြီ။ အကယ်၍  မိန်းမတစ်ယောက်သည် ဆန့်ကျင်ဘက်လိင် ယောက်ျား၏ မုဒိမ်းကျင့် ခြင်းကို မခံသင့်ဘူးဆိုလျှင်တော့ အစ္စလာမ်သည် ခေတ်အမီဆုံးဖြစ်နေမည်။

အိဒဒ်ကာလပြီးသည့်နောက် အမျိုးသမီးအား စောင့်ရှောက်ရန်တာဝန်

December 13, 2010

ကမားရ်စိုင်ယဒ် (အိုးအိမ်ဦးစီးဋ္ဌာန အတွင်းရေးမှူး) ။  ။ အသင်၏ နှစ်လိုဖွယ်ရာကောင်းသော စကားတွင်း၌ အသင်သည် ကွာရှင်းပြတ်စဲခြင်းခံရသော အမျိုးသမီးအား “အီဒဒ်”(စောင့်ဆိုင်း)ကာလအတွင်း၌ ၎င်း၏ခင်ပွန်းမှ ၎င်းအား ကျွေးမွေးထောက်ပံ့ရမည်ဟု ပြောကြားဖော်ပြခဲ့ပါသည်။ ထို့နောက် ယင်းမိန်းကလေးကို ၎င်း၏ မိဘများက ကျွေးမွေး စောင့်ရှောက်ထိန်းသိမ်းပေးရမည်ဟု ယူဆပါသည်။ ယင်းကဲ့သို့သောကိစ္စတွင် မိဘများမှ ထိန်းသိမ်းစောင့်ရှောက်ရန် မတတ်စွမ်း နိုင်ခဲ့သော် မည်သူမှ ထိန်းသိမ်းစောင့်ရှောက်ရမည်နည်း။

ဒေါက်တာဇာကိရ် ။     ။ နှမတော်မှ မေးမြန်းသွားသော မေးခွန်းမှာ အလွန်ပင် ကောင်းလှပါသည်။ အမျိုးသမီးတစ်ယောက်သည် ကွာရှင်း ပြတ်စဲခြင်းခံရသည်လို့ ဆိုကြပါစို့။ ယင်းအမျိုးသမီး၏ အီဒဒ် (စောင့်ဆိုင်းကာလ) သုံးလ (သို့) ကလေး မီးဖွားပြီးသည့်တိုင်အောင် ၎င်းင်း၏ ခင်ပွန်းမှ ကျွေးမွေး ထောက်ပံ့၊ စောင့်ရှောက်ရပါမည်။ ၎င်းင်းနောက် သူမ၏ ခင်ပွန်း၏တာဝန်ဖြစ်တယ်လို့ ကျွန်ုပ်၏ ဟောပြောတင်ပြမှုတွင် ဖော်ပြခဲ့ခြင်းကို တောင်းပန်ပါရစေ။ ၎င်းင်းနောက် ယင်းအမျိုးသမီးအား ကြည့်ရှု စောင့်ရှောက်ရမည့်တာဝန်မှာ သူမ၏ ဖခင်(သို့) အစ်ကို၊ မောင်များ၏ တာဝန်ပင် ဖြစ်သည်။ အကယ်၍ သူမ၏ ဖခင်နှင့် အစ်ကို၊ မောင်များမှ သူမအား စောင့်ရှောက် နိုင်စွမ်း မရှိပါက သူမ၏ ဆွေမျိုးသားချင်းများသည် သူမအား စောင့်ရှောက်ရပါမည်။ သူမ၏ ဆွေမျိုးသားချင်းများမှ စောင့်ရှောက်နိုင်စွမ်းမရှိပါလျှင် သူမကို ထိန်းသိမ်း စောင့်ရှောက်ရန်မှာ မွတ်စလင်မ် အွမ္မသ်၏ တာဝန်ပင်ဖြစ်သွားပေသည်။

ထို့ကြောင့် (ယင်းကဲ့သို့သော ကိစ္စများဆောင်ရွက်ရန်) ကျွန်ုပ်တို့သည် အဖွဲ့အစည်းများဖွဲ့စည်းထားရန် လိုအပ်ပေသည်။ ဇကားသ်ရန်ပုံငွေများ ရရှိလာပါက ယင်းကဲ့သို့သော အမျိုးသမီးများကို စောင့်ရှောက်နိုင်ပေမည်။ ဤကဲ့သို့သော အလုပ် များကို မလုပ်နိုင်ခဲ့လျှင် ယင်းကဲ့သို့ အမျိုးသမီးများကို စောင့်ရှောက် ထိန်းသိမ်းရန်မှာ နောက်ဆုံးအနေနှင့် အစ္စလာမ်နိုင်ငံတော်၏တာဝန်ပင်ဖြစ်သည်။

အမျိုးသမီးများ၏ ပစ္စည်းပိုင်ဆိုင်ခွင့်

December 13, 2010

စိုင်ယဒ်ရိယာဇ်။    ။ အတ်စ်လာမု အလိုင်ကွန်းမ်၊ အသင်ပြောဆိုခဲ့သကဲ့သို့ပင် အစ္စလာမ်တွင် အမျိုးသမီးနှင့် အမျိုးသားတန်းတူညီမျှမှုရှိသည်ကို ကျွန်ုပ်သိရှိပါသည်။ သို့ပါလျှက် အစ္စလာမ်တွင် အမျိုးသမီးများအား ပစ္စည်းပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ တူညီသောအခွင့်အရေးကို အဘယ်ကြောင့် ပေးမထားပါသနည်း။

ဒေါက်တာဇာကိရ်။    ။ ညီနောင်မှမေးသော မေးခွန်း၏အဖြေမှာ ကျွန်ုပ်၏ ဟောပြောမှု၌ ပါဝင်ပြီးဖြစ်ပါသည်။ အမျိုးသမီးနှင့် အမျိုးသားသည် စီးပွားရေး ဆိုင်ရာအခွင့်အရေးများတွင် တန်းတူညီသည်ဟု ကျွန်ုပ်မှတင်ပြခဲ့ပါသည်။ ထို့ကြောင့် အမွေဆက်ခံခြင်းတွင်လည်း အမျိုးသမီးများ၏ အခွင့်အရေးသည် အမျိုးသားများနှင့် သာတူညီမျှမှု ရှိသင့်သည်။ အမွေဆက်ခံမှုတွင် အမျိုးသမီးများ အဘယ်ကြောင့် အကျုံးမ၀င်ပါသနည်း။ သာမန်အားဖြင့် လူများက ပြောဆို ခဲ့သည်မှာ အမျိုးသားများ၏ ဝေစုဝေပုံ၏ တစ်ဝက်ကိုသာ အမျိုးသမီးများအနေနှင့် ရရှိပေသည်။ ယင်းမေးခွန်း ၏အဖြေကို ကျမ်းမြတ်ကုရ်အာန်၊ အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၁၁)နှင့် (၁၂)တွင် ဖော်ပြထားပေသည်။ ထိုအာယသ်တော်များတွင် အစ္စလာမ့် နည်းကျ အမွေ မည်သို့မည်ပုံ ခွဲခြမ်းရမည်ကို တင်ပြထားပေသည်။

“(အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား၊ အသင်တို့၏သားသမီးတို့နှင့်ပတ်သက်၍ (ဤသို့)အမိန့် ပေးတော်မူလေသည်။ (သား) ယောက်ျားအတွက် (သမီး)မိန်းမ နှစ်ယောက်၏ ဝေစုဝေပုံနှင့် ထပ်တူထပ်မျှ(၀ါ) ယောက်ျားကလေး၏ ဝေစု ဝေပုံမှာ မိန်းကလေး ၏ဝေစုဝေပုံ၏ နှစ်ဆ ဖြစ်သည်။ တဖန် အကယ်၍ (သမီး)မိန်းမများသည် နှစ်ဦးထက်ပိုခဲ့လျှင် ထိုသူတို့ အတွက် (ကွယ်လွန် သူ) ထားရှိခဲ့သော(အမွေ)ပစ္စည်း၏ သုံးပုံနှစ်ပုံဖြစ်ပေသည်။ သို့ရာတွင် ယင်း(သမီး) မိန်းမသည် တဦးတည်းသာ ဖြစ်ခဲ့ပါမူ ၄င်း၏အဖို့ (ကွယ်လွန် သူထားရှိခဲ့သော အမွေပစ္စည်း၏) ထက်ဝက်ပင် ဖြစ်ချေသည်။ ၄င်းပြင်  အကယ်၍ ယင်း (ကွယ်လွန်သူ)၌ သားသမီး တစုံတယောက် ရှိခဲ့ပါမူ ထို(ကွယ်လွန်)သူ၏ မိဘနှစ်ပါးတို့အနက် အသီးသီးတို့အတွက် (ကွယ်လွန်သူ၏ အမွေပစ္စည်းအနက်မှ) ခြောက်ပုံ တပုံစီဖြစ်၏။ သို့ရာတွင် အကယ်၍ ထို(ကွယ်လွန်)သူ၌ သားသမီးတစ်စုံတစ်ယောက်မျှမရှိ၍ မိဘနှစ်ပါးတို့သည် (သာလျှင်) ယင်း (ကွယ်လွန်သူ၏ အမွေကို ဆက်ခံခဲ့ကြပါမူ သို့ဖြစ် လျှင် ၄င်း (ကွယ်လွန်သူ)၏ အမိအဘို့မှာ သုံးပုံတပုံဖြစ်သည်။ တဖန် (အကယ်၍) ယင်း(ကွယ်လွန်သူ)၌ (မိဘနှစ်ပါးအပြင်) ညီအစ်ကို၊ မောင်နှမ များလည်းရှိကြပါသော် ထို(ကွယ်လွန်)သူ၏ အမိအဘို့ မှာကား ခြောက်ပုံတပုံသာ ဖြစ်၏။ ၄င်းပြင်  အသင်တို့အတွက်  အကယ်၍သာ အသင်တို့၏ ဇနီးမိန်းမများ၌ သားသမီး တစုံ တယောက်မျှ မရှိခဲ့လျှင်၊  ထိုဇနီးမိန်းမများ ထားရှိခဲ့ကြ သော (အမွေ)ပစ္စည်း၏ ထက်ဝက်ပင်ဖြစ်သည်။ (သို့ဖြစ်ပေ ရာ ဤ အမွေခွဲတမ်းသည်)  အလ္လာဟ်အရှင်မြတ်အထံတော်မှ (အသင်တို့၏ ကောင်းကျိုးကို ထောက်ထားကာ) ပြဋ္ဌာန်းပြီးဖြစ်သော တာဝန်တရပ် ပင်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်း တို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော် မူပေသတည်း။

တဖန် အကယ်၍ ယင်းဇနီးမိန်းမတို့၌ သားသမီးတစ်စုံတစ်ယောက် ရှိခဲ့ပါမူ အသင်တို့ အတွက် ထိုဇနီးမိန်းမများ ထားရှိခဲ့ကြသော(အမွေ) ပစ္စည်းများအနက်မှ လေးပုံ တစ်ပုံသာ ဖြစ်ချေသည်။ (သို့ရာတွင် ၄င်းအမွေ ပစ္စည်းတို့ကို) ထိုဇနီးမိန်းမ များက မှာကြားခဲ့ကြသော သေတမ်းစကား (သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ရန် ကိစ္စများ) ကို ဆောင်ရွက်ပြီးနောက်၎င်း၊ (ထိုဇနီးသည်တို့အပေါ်ဝယ် တင်ရှိနေသော)ေ<ကးမြီများကိုဆပ်ပြီးနောက်တွင် လည်းကောင်း (ခွဲဝေရပေမည်)။ ၄င်းပြင် အကယ်၍ အသင်တို့၌ သားသမီး တစ်စုံတစ်ယောက် မရှိခဲ့ပါ လျှင်၊ အသင်တို့ ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ၄င်းဇနီး မိန်းမတို့အတွက် လေးပုံ တစ်ပုံသည် ဖြစ်သည်။

တဖန် အကယ်၍ အသင်တို့၌ သားသမီး တစ်စုံတစ်ယောက် ရှိခဲ့ပါသော်  ထိုဇနီးမိန်းမတို့ အတွက် အသင်တို့ ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများ အနက်မှ ရှစ်ပုံတစ်ပုံ (သာ)ဖြစ်သည်။ (သို့ရာတွင် ယင်းအမွေပစ္စည်းတို့ကို) အသင်တို့မှာကြားခဲ့သော သေတမ်းစကား (သို့မဟုတ် သေတမ်းစာ အရ ဆောင်ရွက်ရန်ကိစ္စများ)ကို ဆောင်ရွက်ပြီးနောက်၎င်း၊ (အသင်တို့အပေါ်ဝယ် တင်ရှိသော)ေ<ကးမြီကို ပေးဆပ်ပြီးနောက်၎င်း၊ ခွဲဝေရမည်။” ( ၄း ၁၂)

အတိုချုပ်အားဖြင့်ဆိုရသော် အချိန်ကာလအများစုတွင် အမျိုးသမီး၏ဝေစုမှာ အမျိုးသားဝေစုဝေပုံ၏ တစ်ဝက်သာ ရှိသည်။ သို့သော် အမှုကိစ္စ တိုင်းအတွက် မဟုတ်ပေ။

ဥပမာအားဖြင့် ကွယ်လွန်သူ သေဆုံးသူ၌ အထက်သို့ ဆန်တက်သော ဆွေမျိုးသားချင်း၊ အောက်သို့ စုန်ဆင်းသော ဆွေမျိုးသားချင်းများ မရှိခဲ့ပါက ထိုကွယ်လွန်သူ၏ ညီအစ်ကို မောင်နှမများမှာ တစ်ဦးလျှင် (၆)ပုံ၊ (၁)ပုံကျစီ ညီတူညီမျှ ရရှိပါမည်။ ကွယ်လွန်သေဆုံးသူ၌ ကလေးမရှိခဲ့လျှင် (ထိုကွယ်လွန်သူ၏) အဖေနှင့် အမေမှာ (၆)ပုံ (၁)ပုံကျစီ အညီအမျှရရှိပါမည်။ ထို့ပြင် ကလေးမရှိသော အမျိုးသမီး တစ်ဦးသည် သေဆုံးသွားပါက ၎င်းင်း၏ ခင်ပွန်းမှာ ပစ္စည်း၏ ဝေစုဝေပုံ၏ တစ်ဝက်၊ မိခင်မှာ သုံးပုံတစ်ပုံ၊ ဖခင်မှာ ခြောက်ပုံတစ်ပုံရရှိမည်။

ဤကဲ့သို့သော အမှုကိစ္စများတွင် မိခင်၏ ဝေစုဝေပုံ မှာ ဖခင်၏ ဝေစုဝေပုံထက် (၂)ဆများနေသောကြောင့် အမျိုးသမီး၏ ဝေစုဝေပုံသည် အမျိုးသား၏ ဝေစုဝေပုံထက် (၂)ဆ များနေသည်ဟု ဆိုလိုနိုင်ပေသည်။ သို့သော် များမြောင်စွာသော အမှုကိစ္စများတွင် သမီးနှင့်ဇနီးသည်တို့သည် အမျိုးသား၏ဝေစုဝေပုံ၏ တစ်ဝက်ကိုသာရရှိသည်ကို ကျွန်ုပ် အနေနှင့် အသင်နှင့် သဘောချင်းတိုက်ဆိုင်ပါသည်။ အကြောင်းမူကား အမျိုးသား များသည် အိမ်ထောင်၏ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူဖြေရှင်း ရသောကြောင့် ဖြစ်ပေသည်။ ယောက်ျားများအား မတရားပြုမူဆက်ဆံရန် အမိန့်မပေး ထားပါ။ အလ္လာဟ်အရှင်မြတ်သည် အမျိုးသားများအား အမျိုးသမီးများထက်ပို၍ သာလွန်ခြင်းတစ်ရပ် ချီးမြင့်ထားပေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် “အမျိုးသားများ၏အခွင့်အရေး”ဟူသော ကျွန်ုပ်၏ဟောပြောတင်ပြမှု၌ ကျွန်ုပ်တို့အနေနှင့် ယင်း ပြဿနာများ၏ အဖြေကိုရရှိပေလိမ့်မည်။

ကျွန်ုပ်အနေနှင့် ဥပမာတစ်ခုဆောင်ပြရပါလျှင် လူတစ်ယောက်သည် သေဆုံးသွားခဲ့သည်ဟု ဆိုကြပါစို့။ ထိုသူ သေဆုံးပြီးနောက်  သားသမီး များကို ခွဲဝေပေးရန် ငွေ(၁)သိန်းခွဲ ကျန်ခဲ့သည်။ သူ့တွင် သားတစ်ယောက်၊ သမီးတစ်ယောက် ရှိနေသည်။ အစ္စလာမ့်ရှရီအတ် တရားဥပဒေအရ သားမှာ ရူပီ (၁)သိန်းရရှိပြီး၊ သမီးမှာမူ ရူပီ (၅)သောင်းရရှိပေလိမ့်မည်။ သို့သော် သားအနေနှင့် ရူပီ(၁)သိန်းကို လက်ခံရရှိပြီးနောက် ယင်းငွေဖြင့် မိသားစုအား အဓိကထား၍  ကြည့်ရှုစောင်မရပေမည်။ ထို့အတွက် ယင်းသို့ မိသားစု၏တာဝန်ကို ထမ်းဆောင်ခြင်း၊ သုံးစွဲခြင်းဖြင့် သား၏ငွေမှာ ရူပီ(၈၀၀၀၀) (သို့) (၁)သိန်းအထိ ကုန်သွားနိုင်ပေသည်။ သို့သော် အမျိုးသမီးမှာမူကား သူမလက်ခံရရှိသည့် ရူပီ(၅၀၀၀၀)ကို ၎င်းင်း၏ မိသားစုအား ကျွေးမွေးကြည့်ရှုစောင်မရာတွင် သုံးစွဲရန် မလိုပဲ သူမ၏ တစ်ဦးတည်းပိုင်ငွေပင် ဖြစ်ချေတော့သည်။

မြတ်တမန်တော်မုဟမ္မဒ်တွင် အဘယ်ကြောင့် ဇနီးကြင်ယာတော် (၁၁)ပါး ရှိရပါသနည်း။

December 13, 2010

စမာရ်(ကျောင်းသား) ။    ။ အစ္စလာမ်သာသနာတွင် အရေအတွက်အားဖြင့် ယောက်ျား တစ်ယောက်အတွက် အမျိုးသမီး(၄)ဦးကိုသာ လက်ထပ် ထိမ်းမြားရန် အမြင့်ဆုံး သတ်မှတ်ထားပါသည်။ သို့သော် တမန်တော်မြတ် မုဟမ္မဒ်သခင်တွင် အဘယ်ကြောင့် ကြင်ယာတော် (၁၁)ပါးရှိနေပါ သနည်း။ (အချို့လူ့ဗာလများက) မြတ်တမန်တော်သည် အလွန်တဏှာကြီးသည်ဟု စောင်းမြောင်းပြောဆိုနေကြ ပေသည်။ (နအူဇု ဗိလ္လာဟ် မင်န်ဇာလိက်)

ဒေါက်တာဇာကိရ်နိုက်(ခ်) ။      ။ ညီနောင်မှ မေးသည့် မေးခွန်းမှာ – အစ္စလာမ် သာသနာတွင် ယောက်ျားတစ်ဦးအား အများဆုံးဇနီး(၄)ဦးအထိသာ လက်ထပ် ထိမ်းမြားနိုင်ခွင့် ပေးထားပေသည်။ မည်သည့်အကြောင်းကြောင့် မြတ်တမန်တော် မုဟမ္မဒ်၌ ကြင်ယာတော်(၁၁)ပါး ရှိနေခဲ့ ပါသနည်း။ ကျမ်းမြတ်ကုရ်အာန်၊ အမျိုးသမီးကဏ္ဍ၊ ကျမ်းပိုဒ် (၃)တွင် “သင်သည် ဇနီး(၄)ယောက်အထိ လက်ထပ်နိုင်သည်”ဟုဖော်ပြပါရှိသော ကြောင့် အစ္စလာမ်သာသနာတွင် အမြင့်ဆုံး လက်ထပ်ထိမ်းမြားနိုင်သည့် အမျိုးသမီးအရေအတွက်မှာ(၄)ယောက်သာဖြစ်၍ဖော်ပြပါစကားနှင့် ပတ်သက်၍ အသင်နှင့် ကျွန်ုပ်သဘောချင်း တိုက်ဆိုင်ပါသည်။

သို့သော် ကျမ်းမြတ်ကုရ်အာန် ၊ မဟာမိတ်များကဏ္ဍ၊ ကျမ်းပိုဒ် (၅၂)တွင်– “ဤသည့်နောက်တွင် (အထက် ဖော်ပြပါ အင်္ဂါရပ်များနှင့်မညီသော) အခြား အမျိုးသမီးများသည် အသင့်အဖို့ တရားမ၀င်တော့ပြီ။ ထိုနည်းတူစွာ လက်ရှိ ကြင်ရာများ၏အစား အခြား အမျိုးသမီးများကို ၄င်းတို့၏ လှပမှုသည် အသင့်အား နှစ်သက်စေခဲ့သော်လည်း အသင်သည် ပြောင်းလဲ(ထိမ်းမြား)နိုင်ခွင့်မရှိချေ။  သို့ရာတွင်  အသင်ပိုင်ဆိုင်သော ကျွန်မများ ကိုမူကား (ပြောင်းလဲနိုင်ခွင့်၊ ယူပိုင်ခွင့်ရှိ၏)။” (၃၃း၅၂)

အထက်ပါ ကျမ်းမြတ်ကုရ်အာန်၊ မဟာမိတ်များကဏ္ဍ၊ ကျမ်းပိုဒ် (၅၂)အရ ဤအာယသ်တော်ကျရောက်သည့် အချိန်ထိ လက်ထပ်ထိမ်းမြားပြီးခဲ့သော ဇနီး ကြင်ယာတော်များမှ လွဲ၍ အခြားအမျိုးသမီးများကို လက်မထပ်နိုင်ပေ။ သို့သော် တမန်တော်မြတ်သခင် ပိုင်ဆိုင်သော ကျွန်မများကိုမူ ပြောင်းလဲ ယူပိုင်ခွင့်ရှိ၏။ အကယ်၍ မြတ်တမန်တော်မုဟမ္မဒ်အား အဘယ်ကြောင့် အခြားအမျိုးသမီးများနှင့်ထပ်၍ လက်ထပ်ထိမ်းမြားခွင့် မပေးခြင်းအကြောင်းအရင်းကို အသင့်အနေနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်မည်ဆိုလျှင် မြတ်တမန်တော်အနေနှင့် ယင်းဇနီးကြင်ယာများကို ကွာရှင်းပြတ်စဲခြင်းမပြုနိုင်ကြောင်း တွေ့ရပေမည်။ အကြောင်းမူကား ကျမ်းမြတ် ကုရ်အာန်၌ အာယတ်တော်တစ်ပိုဒ်ထက်ပို၍ ဖော်ပြပါရှိသည်မှာ မြတ်တမန်တော်၏ ဇနီးကြင်ယာများအား ၎င်းတို့သည် ကွာရှင်းပြတ်စဲခြင်း ခံခဲ့ရသည်ဖြစ်စေ၊ မုဆိုးမများ ဖြစ်သွားခဲ့ကြသည်ဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်မှ ယင်းတမန်တော်မြတ်၏ ဇနီးကြင်ယာတော်များကို လက်ထပ်ထိမ်းမြားခြင်းမပြုနိုင်ချေ။ အကြောင်းမူကား ယင်းဇနီးကြင်ယာတော်များသည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ၏ မိခင်များပင်ဖြစ်ကြကုန်၏ဟု ဖော်ပြထားပါသည်။

ထို့ကြောင့် မြတ်တမန်တော်၏ ဇနီးကြင်ယာများကို မည်သူမျှထပ်ပြီး ထိမ်းမြားပိုင်ခွင့်မရှိချေ။ သဘာဝတရားအရလည်း မြတ်တမန်တော်သည် ဇနီးကြင်ယာတော်များကို ကွာရှင်းပြတ်စဲနိုင်ခြင်း မရှိခဲ့ချေ။ အကယ်၍ အသင့်အနေနှင့် မြတ်တမန်တော်သည် ဇနီးကြင်ယာတော်တစ်ပါးခြင်းအား လက်ထပ်ထိမ်းမြားခဲ့ရခြင်း၏ အကြောင်းအရင်းကို ခွဲခြမ်းစိတ်ဖြာ လေ့လာ ကြည့်မည်ဆိုလျှင် ထိမ်းမြားလက်ထပ်ခဲ့မှု အားလုံးသည် လူမှုရေး ပြုပြင် ပြောင်းလဲမှု(သို့) နိုင်ငံရေး အသွင်သဏ္ဍာန် ပြုပြင် ပြောင်းလဲမှုတည်းဟူသော  အကြောင်းအရင်းများကြောင့် ဖြစ်ကြောင်းကို အသင့်အနေနှင့် လေ့လာ တွေ့ရှိနိုင်ပေသည်။ မြတ်တမန်တော်၏ လိင်စိတ်မပြည့်ဝမှုကြောင့် အလျဉ်း မဟုတ်ပေ။

ပထမဦးဆုံး ဘီဘီခတီဂျာဟ်သခင်မကြီးနှင့် လက်ထပ်ထိမ်းမြားခဲ့လေသည်။ ထိုအချိန်တွင် သခင်မကြီး၏ သက်တော်မှာ (၄၀)ရှိ၍ ကိုယ်တော်မြတ်၏ သက်တော်မှာကား(၂၅)နှစ်သာ ရှိပေသေးသည်။ ထို့ပြင် သခင်မကြီးသည် နှစ်ကြိမ်တိုင်အောင် မုဆိုးမဖြစ်ခဲ့ပြီးဖြစ်သည်။ စဉ်းစားကြည့်စမ်းပါ။ အကယ်၍ သင့်အနေနှင့် ခွဲခြမ်းစိတ်ဖြာ၍ လေ့လာကြည့်လျှင် မြတ်တမန်တော် မုဟမ္မဒ်သခင်သည် ဘီဘီ ခတီဂျာဟ်သခင်မကြီး အသက်ထင်ရှားရှိနေစဉ် သက်တမ်းတစ်လျှောက်လုံး၌ မည်သည့် အခြားကြင်ယာတော် တစ်ဦးကိုမျှ လက်ထပ်ထိမ်းမြားခဲ့ခြင်းမရှိချေ။ ကိုယ်တော်မြတ်၏ သက်တော် (၅၀) နှစ်ရောက်ရှိသောအခါ ဘီဘီခတီဂျာဟ်သခင်မကြီးသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ခံယူသွားခဲ့လေသည်။ (အလ္လာဟ်အရှင်မြတ်၏ မဟာကရုဏာတော်သည် သခင်မကြီးနှင့် ကိုယ်တော်မြတ်၏ အဆွေတော်ဆွဟာဗဟ်များအပေါ်ဝယ် ကျရောက်တော်မူပါစေသော်။) ကိုယ်တော်မြတ်၏ သက်တော် (၅၀)ကျော်မှသာလျှင် အခြားကြင်ယာတော်များနှင့် လက်ထပ် ထိမ်းမြားခဲ့ပေသည်။

စာရှုသူ စဉ်းစားကြည့်စမ်းပါ။ အကယ်၍ မြတ်တမန်တော်၌ လိင်စိတ်ပြင်းပြ နေသည်ဆိုလျှင် ကိုယ်တော်သည် နုပျိုသော အသက်အရွယ်အချိန်တွင် လက်ထပ် ထိမ်းမြားခဲ့ပေလိမ့်မည်။ သိပ္ပံပညာမှ ကျွန်ုပ်တို့အားပြောဆိုနေသည်မှာ “လူတစ်ယောက်သည် အသက်အရွယ်ကြီးရင့်လာသောအခါ သူ၏လိင်စိတ်သည် လျော့နည်းလာသည်။” ယင်းစကားရပ်များသည် မြတ်တမန်တော်အပေါ်၌ (လီဆည် ဖန်တီး၍) စောင်းမြောင်းပြောဆိုခြင်း ဖြစ်ပေသည်။ ကိုယ်တော်မြတ်၏ လက်ထပ်ထိမ်းမြားမှုများအနက် ဘီဘီခတီဂျာဟ်နှင့် ဘီဘီအာအိရှာဟ် သခင်မကြီးတို့ (၂)ဦးနှင့် သာလျှင် သာမန်အခြေအနေအရ လက်ထပ်ထိမ်းမြားခဲ့လေသည်။ အခြားလက်ထပ်ထိမ်းမြားမှုများအားလုံးသည် လူမှုရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှု(သို့) နိုင်ငံရေးကောင်းကျိုးအတွက်သာလျှင် အခြေအနေအရ လက်ထပ် ထိမ်းမြားခဲ့ရပေသည်။

အကယ်၍ အသင့်အနေနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်မည်ဆိုလျှင် ကြင်ယာတော်(၂)ဦးသာလျှင် အသက် (၃၆)နှစ် အောက်ငယ်သည်ကို တွေ့ရပေမည်။ ကျန်ရှိသော ကြင်ယာတော်များအားလုံးသည် အသက် (၃၆)နှစ်မှ (၅၀) အတွင်းရှိ ပေသည်။ ကျွန်ုပ်အနေနှင့် လက်ထပ်ထိမ်းမြားမှုအသီးသီး၌ အကြောင်းရင်းများ ရှိကြောင်း သင့်အား ဥပမာ ပေးနိုင်ပါသည်။

ဥပမာအားဖြင့် ဘီဘီဂျိုဝိုင်ရီယာသခင်မကြီးနှင့် လက်ထပ်ထိမ်းမြားခြင်း ဖြစ်သည်။ သခင်မကြီးသည် အလွန် အင်အားကြီးမားသော ဗနုမွတ်ဆ်ွတွလစ်က် မျိုးနွယ်မှဖြစ်သည်။ အစ္စလာမ်ပေါ်ထွန်းလာပြီး အချိန်ကာလတစ်ခု ကြာလတ်သော် (ယင်းတို့၏ ဖီဆန်ပုန်ကန် သူပုန်ထကြွမှုကြောင့်) အစ္စလာမ့်တပ်မတော်မှ ၎င်းမျိုးနွယ်များကို တိုက်ခိုက် ချေမှုန်းခဲ့သည်။ ထို့နောက် မြတ်တမန်တော်သည် (ဘီဘီ ဂျိုဝိုင်ရီယာသခင်မကြီးအား လက်ထပ်  ထိမ်းမြား ခဲ့သည်။ ယင်းသို့ လက်ထပ်ထိမ်းမြားပြီးနောက် ဆွဟာဗာဟ်ကြီးများက “ကျွန်ုပ်တို့သည် မဟာတမန်တော်မြတ်ကြီး၏ ဆွေမျိုးသားချင်းများအားကျွန်များအဖြစ် အဘယ်ကဲ့သို့ ထားရှိရပါမည်နည်း”ဟု ပြောဆိုခဲ့ပြီး ယင်းမျိုးနွယ်ဝင် ပုဂ္ဂိုလ်များအား ကျွန်ဘ၀မှ လွတ်မြောက်စေခဲ့သည်။ ယင်းကဲ့သို့ ကျွန်ဘ၀မှ လွှတ်မြောက်ပြီးသည့်နောက် ၎င်းင်းမျိုးနွယ်ဝင်များသည် မွတ်စ်လင်မ်များနှင့် မိတ်ဆွေရင်းများ ဖြစ်လာခဲ့သည်။

အခြားဥပမာတစ်ခုကား နဂျဒ်မျိုးနွယ် အကြီးအကဲ၏ ဇနီး၏ ညီအစ်မတော်ဖြစ်သူ ဘီဘီမိုင်မွန်နဟ်သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့ခြင်းပင်ဖြစ်သည်။ ယင်းနဂျဒ်မျိုးနွယ်သည် အစ္စလာမ့်ကိုယ်စားလှယ်အဖွဲ့ဝင် ပုဂ္ဂိုလ်(၇၀)ကျော်အား သတ်ဖြတ်ခဲ့လေသည်။ မြတ်တမန်တော်မုဟမ္မဒ်မှ သခင်မကြီး (ဘီဘီမိုင်မွန်နဟ်)အား လက်ထပ် ထိမ်းမြားပြီးသောအခါ၌ ယင်းမျိုးနွယ်ဝင်များသည် မဒီနာဟ်မြို့တော်အား သူတို့၏ အမိဋ္ဌာနချုပ်အဖြစ် လက်ခံခဲ့သလို မြတ်တမန်တော်အားလည်း သူတို့၏ ခေါင်းဆောင်အဖြစ် လက်ခံခဲ့ကြပေသည်။

ထို့ကြောင့် ကိုယ်တော်မြတ်၏ ပြုလုပ်ခဲ့သမျှသော   လက်ထပ် ထိမ်းမြားမှုတိုင်းသည် လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးဆိုင်ရာ အချို့အကြောင်းရင်း တို့ကြောင့်ဖြစ်သည်ကို တွေ့ရှိနိုင်သည်။ မက္ကာဟ်မြို့တော်၏ အကြီးအကဲ အဗူဆုဖ်ယာန်၏သမီးတော် အွမ္မိဟဗီဗဟ်သခင်မကြီးအား ကိုယ်တော်မြတ်သည် လက်ထပ်ထိမ်းမြားမှုပြုခဲ့သည်။ ယင်းကဲ့သို့ လက်ထပ် ထိမ်းမြားခြင်းသည် မက္ကဟ်မြို့တော်ကို ပြန်လည် အောင်နိုင်ခြင်းအတွက် အလွန် အရေးပါလေသည်။ အခြားဥပမာတစ်ခုမှာကား၊ အင်အား ကြီးမားသော ဂျူးခေါင်းဆောင်၏သမီးဖြစ်သော ဆွဖီယာသခင်မကြီးပင်ဖြစ်သည်။ ကိုယ်တော်မြတ်သည် ဆွဖီယာသခင်မကြီးအား လက်ထပ်ထိမ်းမြားပြီးနောက် ဂျူးများသည်  မွတ်စလင်မ်များနှင့် မိတ်ဆွေရင်းချာများ ဖြစ်လာခဲ့လေသည်။

အကယ်၍အသင်သည် လက်ထပ်ထိမ်းမြားမှုအားလုံးကို ဆန်းစစ်ကြည့်လျှင် အချို့သော လူမှုရေးပြုပြင်မှုများ ရှိပေသည်။ ဆွဟာဗဟ်(တမန်တော်၏ အဆွေတော်) များနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ပွင့်လင်းလာအောင် ဟဇရသ်အုမရ်သခင်၏ သမီးတော် ဟဖ်ဆွာဟ် သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့လေသည်။ လူမှုပြုပြင် ပြောင်းလဲမှုအဖြစ် ကိုယ်တော်မြတ်သည် ၎င်းင်း၏ နှမတစ်ဝမ်းကွဲ၊ သွလားက်ကွာရှင်း ပြတ်စဲခြင်းခံရသော ဇိုင်နာဗ်သခင်မကြီးအား လက်ထပ်ထိမ်းမြားခဲ့ပေသည်။

လက်ထပ်ထိမ်းမြားမှုအားလုံးသည် နိုင်ငံရေးအကြောင်းရင်း(သို့) လူမှုပြုပြင် ပြောင်းလဲမှုကြောင့်ဖြစ်ပေသည်။ ထို့ကြောင့် ကိုယ်တော်မြတ်၏ လက်ထပ် ထိမ်းမြားမှုဟူသမျှသည် လူ့ဘောင်၊ လူ့အသိုင်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်ဟူသောအချက်ပေါ်တွင် အခြေခံသည်။ လိင်မှုကိစ္စအတွက် သက်သက်သာလက်ထပ်ထိမ်းမြားခဲ့ခြင်းမဟုတ်ချေ။

ဤနေရာ၌ စာရှုသူများ၏ အကျိုးငှာရည်ရွယ်၍ ကျွန်ုပ်တို့၏ ချစ်လှစွာသော မြတ်တမန်တော် မုဟမ္မဒ်သခင်၏ ဇနီးကြင်ယာတော်(၁၁)ပါး၏ အထ္ထုပ္ပတ္တိအကျဉ်းချုပ်ကို တင်ပြပါအံ့။

၁။    ခတီဂျဟ် ဗင်းန်သေ့ခူဝိုင်လစ်ဒ်

တမန်တော်မြတ်ကြီး(မ) မဒီနာမြို့တော်သို့ ဟစ်ဂျရတ် (ရွှေ့ပြောင်း နေထိုင်မှု)မပြုမီက တမန်တော်မြတ်၏ အိမ်တော်တွင် တမန်တော်မြတ် ကိုယ်တိုင်နှင့် သူ၏ဇနီးခတီဂျဟ် ဗင်းန်သေ့ ခူဝိုင်လစ်ဒ်တို့သာ ပါဝင်ခဲ့ကြသည်။ သူတို့နှစ်ဦးလက်ထပ်စဉ်အခါက တမန်တော်မြတ်မှာ သက်တော် (၂၅)နှစ်၊ ခတီဂျာဟ် သခင်မမှာ သက်တော်နှစ်(၄၀)ရှိခဲ့သည်။ ခတီဂျာဟ် သခင်မကြီးသည် တမန်တော်မြတ်၏ ပထမဦးဆုံး ထိမ်းမြားလက်ထပ်ခဲ့သည့် အမျိုးသမီး ဖြစ်သည်။ သခင်မကြီး ကွယ်လွန် သေဆုံးချိန်အထိ တမန်တော်မြတ်၏ တစ်ဦးတည်းသော ဇနီးကြင်ယာတော်ဖြစ်သည်။

သခင်မကြီးနှင့် သားများနှင့် သမီးများ ထွန်းကားခဲ့သည်။ သားတော်များမှာ ငယ်စဉ်တောင်ကျေးကလေးဘ၀၌ပင် ကွယ်လွန် ခဲ့ကြပေသည်။သမီးတော်များမှာဇိုင်နတ်(ဗ်)၊ ရူကိုင်ယာ၊ အွန်းမေ့ ကုလ်ဆွန်း(မ်)နှင့် ဖာသွေမာဟ် သခင်မတို့ ဖြစ်သည်။
ဇိုင်နတ်ဗ်သခင်မသည် ဟစ်ဂျရတ်မပြုမီ သူမ၏ မိခင်ဘက်မှ တစ်ဝမ်းကွဲအစ်ကိုတော်သူ အဗူ အလ်-အတ်(ဆွ်) ဗင်န်အလ်ရာဘီသခင်နှင့် လက်ထပ်ခဲ့သည်။ ရူကိုင်းယာဟ် သခင်မနှင့် အွန်းမေ့ကုလ်ဆွန်းမ်သခင်မတို့မှာ အုဆ်မန်း(န်)ဗင်န် အဖ္ဖန်း(န်)၏ ဇနီး ကြင်ယာများ ဖြစ်ခဲ့သည်။ (သခင်မှ ညီမတစ်ယောက် ကွယ်လွန်သောအခါ နောက်တစ်ယောက်ကို ဆက်၍ လက်ထပ်ခဲ့သည်။) ဖာသွေမာဟ်သခင်မမှာ အလီဗင်န်အဘီတွလစ်(ဗ်)နှင့်လက်ထပ်ခဲ့သည်။ ဖာသွေမာဟ်သခင်မကြီးနှင့် အလီသခင်တို့ လက်ထပ်ထိမ်းမြား သောကာလမှာ ဗဒရ်စစ်ပွဲနှင့် အုဟုဒ်စစ်ပွဲ၏ ကြားကာလဖြစ်သည်။ ဖာသွေမာဟ် သခင်မကြီးတွင် အီမာန်ဟာစန်နှင့် အီမာန်ဟူစိန်၊ ဇိုင်နဗ်နှင့်  အွိမ္မိကုလ်ဆွန်း(မ်) စသည့် သားသမီးများ ထွန်းကားခဲ့သည်။

၂။    ဆောင်ဒါဟ် ဗင်းန်သေ့ ဇမ်အာဟ်

တမန်တော်မြတ်မှ သခင်မကြီးကို လက်ထပ်ခဲ့သောကာလမှာ နဗီဖြစ်ပြီး သက်တမ်း(၁၀)နှစ် အကြာ၊ ရှောင်ဝလ်လအတွင်း၌ ဖြစ်သည်။ ၎င်းင်းကာလမှ ခတီဂျာဟ် သခင်မကြီး ကွယ်လွန်ပြီး ရက်အနည်းငယ် ကြာသောကာလ ဖြစ်သည်။ တမန်တော်မြတ်နှင့် လက်မဆက်မှီ ဆောင်ဒါဟ်သခင်မကြီးသည်  သခင်မကြီး၏ ဖခင်ဘက်မှ တ၀မ်းကွဲမောင်တော်သူ အစ်စက်ရာန်ဗင်န်အမရ်နှင့် လက်ထပ်ခဲ့ဖူးသည်။

၃။    အာအိရှာဟ်  ဗင်းန်သေ့အဘူဘကရ်

သခင်မကြီးကို လက်ထပ်ခဲ့သော ကာလမှာ နဗီ သက်တမ်း ၏ “၁၁”နှစ်မြောက် ကာလဖြစ်သည်။ ဆောင်ဒါဟ်သခင်မကို လက်ထပ်ပြီး တစ်နှစ်အကြာတွင် ဖြစ်သည်။ ထိုကာလသည် ဟစ်ဂျရတ်မပြုလုပ်မီ (၂)နှစ်နှင့်(၅)လ အလိုကာလ ဖြစ်ခဲ့သည်။ အာအိရှာ(ဟ်)သခင်မသည် တမန်တော်မြတ်နှင့် လက်ထပ်ထိမ်းမြားစဉ် ကာလက (၆)နှစ်သမီးသာ ရှိသေးသည်။  (အချို့ ပညာရှင်ကြီးများ၏အဆိုအရ “၁၆“ဖြစ်ပြီး၊ “၆” မဟုတ်ချေ။ အခန်းအပ်သည့်သက်တော်မှာလည်း “၁၉”နှစ်ဖြစ်ပြီး၊ “၉”နှစ်မဟုတ်ဟု အဆိုရှိပေသည်။ အမှန်ကို အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူ၏။) တမန်တော်မြတ်သည် သခင်မကြီးကို လက်ထပ်သော်ငြားလည်း ဟစ်ဂျရတ်သ်လုပ်ပြီး (၇)လမြောက်ဖြစ်သော ရှောင်ဝလ်လအထိ သခင်မကြီးနှင့် လင်မယားအရာမမြောက်ခဲ့ပေ။ ဟစ်ဂျရတ် ပြုပြီး (၇)လနောက်ပိုင်း မဒီနာတွင်ရှိစဉ်ကာလ အာအိရှာဟ်သခင်မမှာ (၉)နှစ်သမီးအရွယ်ရောက်ရှိခဲ့သည်။တမန်တော်မြတ်၏ လက်ထပ်ခဲ့သော ဇနီကြင်ယာများအနက် တစ်ဦးတည်းသော အပျိုစင် ဖြစ်ခဲ့သည်။ဖန်ဆင်းခံများထဲ၌ တမန်တော်မြတ်၏ အချစ်မြတ်နိုးဆုံးသူတစ်ဦးလည်းဖြစ်သည်။ သခင်မကြီးသည် အမျိုးသမီးများအနက် ပညာအတတ်ဆုံး၊ ဗဟုသုတ အကြွယ်ဝဆုံး ပညာရှင်နှင့် ဥပဒေသိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်သည်။

၎။      ဟဖ်ဆာဟ်ဗင်းန်သေ့ အုမရ်ဗင်န် အလ်ခတ်ွတွာ(ဗ်)

သခင်မကြီး၏ ပထမခင်ပွန်းမှာ ဗဒရ်နှင့် အုဟုဒ်စစ်ပွဲကြားကာလတွင် ကျဆုံးခဲ့သော သာသနာ့အာဇာနည် ခိုနိုင်းစ်ဗင်းန်ဟိုဇိုင်းဖဟ်အစ်စဟ်မီးဖြစ်သည်။ တမန်တော်မြတ်သည် သခင်မကြီးကို ဟစ်ဂျရတ်လုပ်ပြီး (၃)နှစ် အကြာတွင် လက်ထပ်ခဲ့သည်။

၅။    ဇိုင်နတ်(ဗ်) ဗင်းန်သေ့ ခိုဇိုင်းမားဟ်

သခင်မကြီးသည် ဗနီဟိလားလ် ဗင်းန် အမီးရ် ဗင်စွအ်စွအ်ဟ်၏မျိုးနွယ် ဖြစ်ပြီး သခင်မကြီး၏ ကျော်ကြားသောနာမည်မှာ အွမွတ်လ်မဆာကီးန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇိုင်နတ်(ဗ်)သခင်မသည် မရှိဆင်းရဲသားများကို အလွန်သနားကြင်နာ၍ ဂရိုစိုက်သောကြောင့်ဖြစ်သည်။ သခင်မကြီးသည် အူဟုဒ် စစ်ပွဲအတွင်း ကျဆုံးခဲ့သော အဗ္ဗဒုလာဟ်ဗင်းန်ဂျာဟ်(ရှ်)(အ)၏ ဇနီးဖြစ်ခဲ့သည်။ တမန်တော်မှ  သခင်မကြီးအား လက်ထပ်ခဲ့သော အချိန်ကာလမှာ ဟစ်ဂျရီ (၄)နှစ် မြောက်ကာလဖြစ်သည်။ သခင်မကြီးသည် တမန်တော်မြတ် (မ)နှင့် လက်ထပ်ပြီး (၂)လ (သို့) (၃)လ အကြာတွင် ကွယ်လွန် ခဲ့သည်။ အချို့သော စာအုပ် စာတမ်းများတွင် (၈)လအကြာတွင် အလ’ာဟ်အမိန့်ခံယူသည်ဟု ရေးသားထားသည်။

၆။      အွမ်းမေ့ စလ်မာဟ်ဟင်းန်ဒ် ဗင်းန်သေ့အဘီအွမ္မိုင်ယာဟ်

သခင်မကြီးသည် အဘူစလ်မာဟ်၏ ဇနီးဖြစ်ခဲ့၏။ အဘူစလ်မာဟ်သည် ဟစ်ဂျရီ(၄)ခုနှစ်၊ ဂျူမာဒွလ်အခိရ်တွင်  သေဆုံးခဲ့သည်။ မြတ်တမန်တော်မှ  ဟစ်ဂျရီ (၄)ခုနှစ်၊ရှောင်ဝလ်လတွင် သခင်မကြီးအား လက်ထပ် ထိမ်းမြားခဲ့သည်။

၇။    ဇိုင်နတ်(ဗ်) ဗင်းန်သေ့ ဂျာဟ်(ရှ်)ဗင်းန်သေ့ ရိယတ်(ဘ်)

သခင်မကြီးသည် ဗနီအစတ်(ဒ်)ဘင်းန် ခိုဇိုင်မာဟ်မျိုးနွယ်မှဖြစ်ပြီး တမန်တော် မြတ်(မ)၏ ဖခင်ဘက်မှ နှမ၀မ်းကွဲတော်၏။ သခင်မကြီးသည် ဇိုက်ဒ်ဗင်န် ဟာရီဆဟ်၏ ဇနီးဖြစ်ခဲ့ပြီး ဇိုက်(ဒ်)သခင်မှာ တမန်တော်၏ မွေးစားသားသဖွယ်ဖြစ်သည်။ ဇိုက်ဒ်နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မှ အာယသ်တော်တစ်ခု ချပေးခဲ့၏။

“တစ်စုံတရာ ကျပ်တည်းမှုမရှိရန် “ဇိုက်ဒ်”သည် ထိုမိန်းမအား အလိုမရှိတော့သည့် အခါ ငါအရှင်မြတ်သည် အသင့်အား ထိုမိန်းမနှင့် ထိမ်းမြား၍ ပေးတော်မူလိုက်၏။” (၃၃း၃၇)
သူမနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်မှ မဟာမိတ်များကဏ္ဍ၏ ကျမ်းပိုဒ် အချို့ကို ချပေးတော်မူခဲ့သည်။ ယင်းအာယသ်တော်များမှာ သားသမီးမွေးစားခြင်း နှင့်ပတ်သက်၍ အသေးစိတ်ပြောကြားထားသည့် ကျမ်းပိုဒ်များဖြစ်၏။ တမန် တော်မြတ်(မ)မှ  သခင်မကြီးအား ဟစ်ဂျရီ (၅)ခုနှစ်တွင် လက်ထပ်ထိမ်းမြားခဲ့သည်။

၈။    ဂျိုဝိုင်ရီယာဟ် ဗင်းန်သေ့အလ် ဟာရီသ်

ဂျိုဝိုင်ရီယာ ဗင်းန်သေ့အလ်ဟာရီသ်သည် ခူဇာအဟ်မှ ဗနီမွတ်ဆ်ွတွလစ်က် မျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။ ဂျူဝိုင်ရီယာဟ်သခင်မသည် စစ်အတွင်း ဗနီမွတ်ဆွ် တွလစ်က်မျိုးနွယ်မှ မွတ်စလင်မ်တို့ထံ ရောက်ရှိလာသော “ဓါးစာခံ သုံ့ပန်း” ဖြစ်သည်။  သခင်မကြီးသည် ဆာဗစ်(သ်) ဗင်းန်ကိုင်းယစ်(စ်)ဗင်းန် ရှာမား(စ်)၏ လက်ဝယ် ရောက်ရှိလာခဲ့၏။ ထိုပုဂ္ဂိုလ်မှ  သခင်မကြီးအတွက် လွတ်မြောက်ခြင်းဆိုင်ရာ သဘော တူညီချက်ကို ရေးသားစီစဉ်ပေးခဲ့သည်။ တမန်တော်မြတ်မုဟမ္မဒ်မှ သခင်မကြီးအတွက် ထိုသဘောတူညီချက်ကို လိုက်လျောခဲ့ပြီး  သခင်မကြီးကို ဟစ်ဂျရီ (၆)ခုနှစ် ရှာအ်ဗန်လတွင် လက်ထပ် ထိမ်းမြားခဲ့သည်။

၉။    အွမ်းမေ့ဟဘီဘာဟ် ရမ်လာဟ် ဗင်းန်သေ့ အဘူစုဖ်ယန်း

သခင်မကြီးသည် အူဗိုင်ဒုလ္လာဟ်ဗင်းန်ဂျားဟ်ရှ်နှင့် လက်ထပ်ယူခဲ့သူတစ်ဦး ဖြစ်သည်။ သခင်မကြီးသည် ခင်ပွန်းသည်နှင့်အတူ အဗီစီးနီးယား (ယခု အီသီယိုပီယား)သို့ ပြောင်းရွှေ့သွားခဲ့၏။ အူဗိုင်ဒုလ္လာဟ်မှ အစ္စလာမ်ဘာသာကို စွန့်ပယ်ပြီး ခရစ်ယာန်ဘာသာအဖြစ် ခံယူသောအခါ သခင်မကြီးသည် ခရစ်ယာန်ဘာသာသို့ပြောင်းရန် ငြင်းဆန်ခဲ့ပြီး အစ္စလာမ်ပေါ်တွင် ခိုင်မြဲစွာရပ်တည် ခဲ့သည်။ အူဗိုင်ဒုလ္လာဟ်သည် အဘီစီးနီးယား (ယခုအီသီယိုးပီးယား) နိုင်ငံတွင် ကွယ်လွန်သေဆုံးခဲ့သည်။တမန်တော်မြတ်မှ အမရ် ဘင်န်အုမိုင်ယာဟ် အလ်သွာမ်ရီသခင်အား သ၀ဏ်လွှာနှင့်အတူ ဘုရင်နဂျာရှီ ဘုရင်မင်းမြတ်ထံသို့ စေလွှတ်ခဲ့၏။  ထိုစာလွှာတွင် အွမ်းမေ့ဟဘီဘာဟ်ကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့သည်။ အချိန်ကာလမှာ မုဟရ်ရမ်လ ဖြစ်ပြီး ဟစ်ဂျရီ (၇)ခုနှစ်တွင် ဖြစ်သည်။ နဂျာရှီ ဘုရင်မင်းမြတ်မှ တမန်တော်မြတ်၏ တောင်းဆိုမှုကို လက်ခံ သဘောတူ ခဲ့ပြီး ရှုရာဟ်ဘီလ်ဘင်န် ဟာစနာဟ်သခင်နှင့်တကွ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

၁၀။    ဆွဖီယာဟ် ဗင်းန်သေ့ ဟိုင်ယု ဗင်းန် အခ်တွတ်ဗ်

သခင်မကြီးသည် အစ္စရာအီလ်(ဂျူး)မျိုးနွယ်မှဖြစ်သည်။ ခိုင်ဘာစစ်ပွဲတွင် ရရှိလာသော “ဓားစာခံ သုံ့ပန်း” တစ်ဦးလည်း ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန် တော်မြတ်(မ)သည် သူမကို ရွေးချယ်ခဲ့သည်။ သခင်မကြီးအား ဓားစာခံသုံ့ပန်းဘ၀မှ လွတ်မြောက်စေပြီး ခိုင်ဘရ်စစ်ပွဲအပြီးတွင်  သခင်မကြီးကို ဟစ်ဂျရီ (၇)ခုနှစ်တွင် လက်ထပ် ထိမ်းမြားခဲ့သည်။

၁၁။    မိုင်မွန်နာဟ် ဗင်းန်သေ့ အလ် ဟာရီသ်

သခင်မကြီးသည် အွမွတ်လ် ဖဒလ်လုဘာဘာဟ် ဗင်းန်သေ့ အလ်ဟာရီသ်၏ ညီမတော်ဖြစ်သည်။တမန်တော်မြတ်မှ သခင်မကြီးအား ဟစ်ဂျရီ (၇)ခုနှစ်၊ ဇိလ်ကအ်ဒါဟ်လတွင် လက်ထပ်ထိမ်းမြားခဲ့သည်။ အွမ္မရာဟ် ကဒွါဟ် (အစားပြန်လည် ဖြည့်ဆည်းရသောအွမ္မရာဟ်)ကို ပြုလုပ်ပြီးသည့်နောက် လက်ထပ်ထိမ်းမြားခဲ့ကြောင်း မှန်ကန်သည့် ဆင့်ပြန်ချက်အရ သိရှိရသည်။

အစ္စလာမ်မှ သားသမီးမွေးစားခွင့်ပြု/ မပြု

December 5, 2010

 

မုဟမ္မဒ်အရှ်ရဖ် ။    ။ အစ္စလာမ်သာသနာတွင် သားသမီးမွေးစားခြင်းကို ခွင့်ပြုထားပါသလား။

ဒေါက်တာဇာကိရ်။    ။ ညီနောင်မှမေးသည်မှာ “အစ္စလာမ်၌ သားသမီး မွေးစားခြင်းကို ခွင့်ပြုထားပါသလား။” အသင်အနေနှင့် သားသမီးမွေးစားခြင်းဆိုသည်မှာ “ဆင်းရဲနွမ်းပါးသော ကလေးတစ်ယောက်ကို အသင်၏ အိမ်သို့ခေါ်၍ ယင်းကလေးအတွက် ယာယီနေရာထိုင်ခင်း၊ စားသောက်စရိတ်၊ အ၀တ်အစားဆင်မြန်းပေးခြင်း”ဟု  ဆိုလိုပါသလား။ ယင်းသို့ဆိုလိုလျှင် ထိုအချက်နှင့်ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်တွင် အလေးအနက်ထား၍ ဖော်ပြထားပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ဆင်းရဲသားများ၊ လိုအပ်လျှက်ရှိသောပုဂ္ဂိုလ်များကို ကူညီထောက်ပံ့မှုပြုပါလေဟု ဖော်ပြပါရှိပေသည်။  ကလေးတစ်ယောက်ကို အသင့်အိမ်သို့ခေါ်ဆောင်၍ ယင်းကလေးအား ဖခင်၏ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ချစ်ခင် ယုယစွာ ဆက်ဆံနိုင်ပေသည်။

အစ္စလာမ့်သဘောအရ အသင့်အနေနှင့် ကလေးကို ဥပဒေအရ မွေးစားခြင်း မပြုနိုင်ပေ။ ယင်း(မွေးစားကလေး)ကို အသင့်အနေနှင့် အသင့်၏ နာမည်မပေးနိုင်ပေ။ ဥပဒေအရ သားသမီးမွေးစားခြင်းကို အစ္စလာမ်မှ တားမြစ်ထားခဲ့လေသည်။ အဘယ်ကြောင့်ပါနည်း။ အကြောင်းမူကား အကယ်၍ အသင့်အနေနှင့် ကလေးတစ်ယောက်ကို တရားဥပဒေနှင့်အညီ မွေးစားခဲ့မည်ဆိုပါလျှင် ယင်းကဲ့သို့ပြုခြင်းကြောင့် များစွာသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်ပေသည်။ ပထမအချက်မှာ  လူတစ်ယောက်အနေနှင့် ယောက်ျားကလေး (၀ါ) မိန်းကလေး တစ်ယောက်ယောက်ကို မွေးစားခဲ့မည်ဆိုလျှင် ၎င်းတို့၏ သီးခြားရပ်တည်နိုင်စွမ်း ပျောက်ဆုံးသွားပေလိမ့်မည်။

ဒုတိယအချက်မှာ ကလေးတစ်ယောက်မွေးစားပြီးနောက် အသင့်၌ ရင်သွေး တစ်ယောက် ရရှိခဲ့သည်ဆိုကြပါစို့။ အသင်၏ သက်တမ်းတစ်လျှောက်လုံးတွင် မည်သည့်အခါမျှ အသင့်၌ ကလေးရရှိမည်မဟုတ်ဟု မည်သူမျှ မပြောဆိုနိုင်ပေ။ အသင့်၌ အသင့်ရင်သွေးရှိမည်ဆိုလျှင် မွေးစားကလေးထက် ပို၍ အသင့်ကလေး (ရင်သွေး)ကို မျက်နှာသာပေးခြင်းဖြင့် ဘက်လိုက်မှု ပြုပေလိမ့်မည်။ တတိယအချက်မှာကား အသင် မွေးဖွားခဲ့သော သင့်ရင်သွေးသည် မွေးစားကလေးနှင့် ဆန့်ကျင်ဘက်လိင်ဖြစ်မည်ဆိုပါက ၎င်းတို့သည် တစ်မိုးထဲအောက်၌ လွတ်လပ်စွာ နေထိုင်၍ ရမည်မဟုတ်ပေ။ အကြောင်းမူကား ၎င်းတို့သည် သွေးရင်းသားရင်း မောင်နှမအရင်းအချာများ မဟုတ်ခြင်းကြောင့်ပင်တည်း။
အကယ်၍ မွေးစားကလေးသည် မိန်းကလေးဖြစ်မည် ဆိုပါလျှင်  သူမကြီးပြင်းလာသောအခါ  “ဟိဂျာဗ်” လိုပေလိမ့်မည်။ သူမခေါ်ဆိုနေသောအဖေသည် စင်စစ် သူမ၏ မွေးဖခင် မဟုတ်ချေ။  အကယ်၍ မွေးစားကလေးသည် ယောက်ျား ကလေးဖြစ်မည်။  ၎င်းနောက် ယင်းယောက်ျားကလေးသည် လူလားမြောက် အရွယ်ရောက်သောအခါ အိမ်ထောင်ပြုမည်။ ဤနေရာတွင်လည်း အဖေဟုခေါ်ဆိုနေသော အသင်နှင့် အသင့်ချွေးမ၏အကြားတွင် ဟိဂျာဗ်လိုပေသည်။ နောက်ထပ်လည်း အကြောင်းပြချက်များစွာ ရှိပေသေးသည်။ အကယ်၍ အသင့်၌ မွေးစားကလေး တစ်ယောက်ရှိမည်ဆိုလျှင် အသင်သည် ဆွေမျိုးသားချင်းများ၏ အခွင့်အရေးများကို ပိတ်ပင် တားဆီးရာ ရောက်နေပေလိမ့်မည်။

လူတစ်ယောက်သေဆုံးပြီးသည့်နောက် သူ၏ ကျန်ရှိပစ္စည်းများကို ကျမ်းမြတ်ကုရ်အာန်တွင် ဖော်ပြပါရှိသည့်အတိုင်း ခွဲဝေရမည်။ လူတစ်ယောက်တွင် (မိမိ၏သွေးရင်း) ကလေးတစ်ယောက်နှင့် မွေးစားကလေးတစ်ယောက်ရှိနေမည်ဆိုလျှင် သူ၏ ရင်သွေး ရသင့်ရထိုက်သော  ဝေစုဝေပုံကို ပိတ်ပင်ရာရောက်နေပေလိမ့်မည်။ လူပုဂ္ဂိုလ်တစ်ယောက်သည် သေဆုံးသွားမည်။ သူ့တွင် ကလေးတစ်ယောက်ရှိနေမည် ဆိုလျှင် သူ၏ဇနီးသည်  ကျန်ရှိပစ္စည်းမှ သူမရသင့်သော ဝေစုဝေပုံ၊  တစ်ဝက်တိတိကို ရရှိမည်။ အကယ်၍ သူ့တွင် ကလေးမရှိခဲ့လျှင် တစ်ဝက်ဝေစုဝေပုံတွင် သေဆုံးသူ၏ မိခင်လည်း ပါဝင်ပေမည်။ ကလေးရှိလျှင် (ခြောက်ပုံတစ်ပုံ)ကို ရရှိပြီး၊ ကလေးမရှိပါက သူမသည် (သုံးပုံတစ်ပုံ)ကို ရရှိပေမည်။ အကယ်၍ အသင်သည် ကလေးတစ်ယောက် ကို မွေးစားခဲ့မည်ဆိုလျှင် သင့်မိခင်၏ ဝေစုဝေပုံကို တားဆီးရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် ယင်းကဲ့သို့ အရှုပ်အထွေးများမှ တားဆီးရန်အလို့ငှာ တရားဥပဒေအရ သားသမီးမွေးစားခြင်းကို အစ္စလာမ်မှ တားမြစ်ထားရခြင်းဖြစ်ပါသည်။